လမ်းတွင် ခဏခဏရပ်သည်၊ ပြန်သွားသည်၊ဆီကုန်သည်၊ ထပ်ဖြည့်သည်၊ ပြန်သွားသည်၊
တံတားပျက်နေတသည်၊ စောင့်ရတယ်၊ ကြာသည်။ သို့သော် ဆက်သွားသည်။ သည်ရထားသည် ဘယ်ပဲ
ဖြစ်ဖြစ် ပန်းတိုင်ကို ရောက်အောင် သွားမည်။
ဓတ်ပုံလေးများရဲ့ အခန်း
ဓာတ်ပုံလေးများကို လေ့လာပါ
တန်ဖိုးရှိသော အချိန်များ
သင့်နှင့် ကျွနုပ် အတူတူပင်ဖြစ်သည်။ မီးချောင်းလေးများသည် လင်းလက်နေသည်။
ခလုပ်ဖွင့်မည် အလင်းရောင် ရမည်။ ခလုပ်ပိတ်သည်။ မီးမှိတ်မည်။ ထိုအတူ
မီးချောင်းလေးများ သက်တမ်းကို သင်ဘယ်သို့ တွက်ချက်နိုင်ပါမည်နည်။ မှန်ပါသည်။
အဖြေရှိသည်။ ၄င်းတို့သည် သင်ဆိုင်မှ ၀ယ်ယူပြီးနောက်ပိုင်း မီးခလုပ်ဖြင့်
ဖွင့်ခြင်းပိတ်ခြင်းအပေါ်တွင် မူတည်ကာ သက်တမ်းကြာမြင့်သည်။ ဥပမာ အကြိမ်အရေအတွက်
၁၀၀၀ ဆိုပါစို။ အဆိုပါ ၁၀၀၀ ပြည့်သွားသောအခါတွင် မီးချောင်းလေး ကျွမ်းသွားမည်။
ထို့အတူ လူတို့နှင့် နှိုင်းယှဉ်ပါက နှလုံးသားဖြစ်သည်။ အဆိုပါ နှလုံးသား
ခုန်နေသရွှေ့ ကျွနှပ်တို့ အသက်ရှင်နေမည်။ နှလုံးရပ်သွားလျှင် တွေးကြည့်ပါ။
မီးချောင်းလေးများ ... more »
အေးချမ်းတည်ငြိမ်သောနေရာလေးတစ်ခု
မိတ်ဆွေ ဓါတ်ပုံလေး တစ်ပုံကို ကြည့်လိုက်ပါ။ သူ့နောက်မှ လှပတဲ့
ဘက်ကရောင်းလေးတွေ ပါမယ်ဆိုရင် ဓါတ်ပုံ လေးဟာ ပိုပြီးလှပ ပိုပြီး အသက်ဝင်ပါတယ်။
ဒါကြောင့် မိတ်ဆွေတို့လည်း သာယာလှပတဲ့ နေရာမှာ ဓါတ်ပုံလေးတွေ ရိုက်ကြတာပေါ့။
သာယာလှပတဲ့ နေရာလေးတွေဟာ မိတ်ဆွေတို့ရဲ့စိတ်ကို ကြည်နူးစေတယ်။
ဒါကြောင့်မို့ သာယာလှပတဲ့ သဘာဝအလှ နေရာလေးတွေကိုသွားပြီး မိတ်ဆွေတို့အနေနဲ့
စိတ်အပမ်းဖြေမယ်ဆိုရင် ဘ၀အမောတွေ ပြေပျောက်ကျမှာ အမှန်ပါပဲ။ မိတ်ဆွေတို့
သိပါတယ်။ ဒါပေမယ့် မေ့နေတတ်တာပါ။ အချိန်နည်းနည်းလေး ရရင် ရသလောက် ဘ၀အမောတွေ
ပြေပျောက်ကြပါစေ။
အောင်သုခ
သီချင်းလေးများနဲ့ ဘဝ
သီချင်းလေးများဟာ လူတွေရဲ့ စိတ်ကို ပျော့ပျောင်းနုညံ့စေတာ အမှန်ပါပဲ။
ကျွန်တော် စိတ်ညစ်နေချိန်မှာ သီချင်းလေးတွေ နားထောင်ပါတယ်
အောင်အောင်
ဘ၀ကို အေးချမ်းဖို့ ဆိုတာ ကြိုးစားတည်ဆောက်မှုလည်း လိုပါတယ်။
မိတ်ဆွေ
ငွေမရှိသော်လည်း သဘာဝတရားကြီးကို သင်ပိုင်သည်။
အလုပ်သေးသေးမှ ရသော ငွေအနည်းငယ်ဖြင့်လည်း သင်ကြိုးစားလျှင် သာယာသော ဘ၀တစ်ခုကို
ပိုင်ဆိုင်နိုင်ပါ သည်။ စိတ်ထားဖြူစင်မှု အရင်းခံဖြင့် ကြိုးစားမှန်မှန် .....
You can control your hand
you have got a hand. can carry something and u already use along time until
now and when u had born.
u move good motion u will get good result and bad motion will get bad
things.
u already know about that but sometime u forget that.
Ok let's we go good choice for our life.
thank u for all.
aungthukha
အဖေ့အတွက် ကြည်နှုးမိပါသည် အဖေ
ကျွန်တော် မိဘနှင့် ခွဲကာ အလုပ်လုပ်နေရပါသည်။ သတင်းတစ်ခု ကြားရသည်။ အဖေ အတွက်
စိုးရိမ်မိပါသည်။ အဖေမျက်လုံးတစ်လုံး ခွဲရတော့မည်။ ကျွန်တော် ငွေအမြန်ရှာရမည်။
ငွေတွင်းနက်နေသည်။ သို့သော် ထိုနေ့က ၃၅၀ လစာထဲမှ ရသည်။ အဖေ့အတွက် အပြေးအလွှား
ကျွန်တော် ငွေလွှဲပေးလိုက်ပါသည်။ ၃၃၃ ကျသင့်သည်။ ၁၇ ကျပ်ပိုသည်။ ၁၀
ဖုံးထဲထည့်သည်။ အဖေနှင့် ၃ ကျပ်ခွဲဖိုး ဖုံးပြောသည်။ ဖုံးထဲရှိ ကျန်ငွေဖြင့်
မိန်းမဆီ ဆက်လိုက်သည်။ ငွေလွှဲသည့်နေ့နှင့် ယနေ့ ၂ ရက်ရှိပြီ။ ကျွန်တော်
ထမင်းမစားပါ။ လက်ကျန် ခေါက်ဆွဲထုပ်လေး တွေသာ စားသည်။ မနက်ဖြန်လည်း ချွေတာမည်။
ကျန်ငွေ လစာ မရသရွေ့ သည်းခံရမည်။ အဖေ့သို့ ပေးငွေ နည်းနည်းလေးပါအဖေ။ ဒါပေမယ့်
ငွေတွင်... more »
စာသားလေးများ
မတွေးတတ်ခင် ငိုတတ်ခဲ့သည်
အတွေးတတ်လည်း ဆက်ငိုဆဲမို့
အတွေးဆုံးလည်း ငိုနေဦးမလား
ငိုခြင်းရွာမှ လွတ်အောင်ကြိုးစား
ဘ၀တရား
သာရဝေါသား ကနောင်သွား
ကျွန်တော် သာရဝေါမှာ မွေးသည်၊ ကနောင်မှာ ကြီးပြင်းသည်။
ဧရာဝတီ မြစ်ကြီးကတော့ ကျွန်တော်ခရီးသွားခဲ့သော မြစ်ကြီးဖြစ်သည်။
ကျွန်တော် မြန်မာပြည်ကို ချစ်သည်။
ကျွန်တော် မြန်မာပြည်ကို လွမ်းသည်။
အထူးသဖြင့် အဖေနှင့် အမေကို လွမ်းသည်။
ချစ်သူကို လွမ်းသည်။
ကျွန်တော့် ညီလေးကို လွမ်းသည်။
သင့်အတွက် အကောင်းဆုံးအချိန်
ယခုအချိန်သည် သင့်အတွက် အကောင်းဆုံးအချိန်ဖြစ်သည်။
အကြောင်းမှာ သင်ကိုယ်တိုင် အိပ်ချင်လျှင် အိပ်နိုင်သည်။
သွားချင်လျှင် သွားနိုင်သည်။
စားချင်လျှင် စားနိုင်သည်။
လုပ်ချင်သောအရာများ လုပ်နိုင်သည်။
တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ထိုအရာများလုပ်ရန် သင့်အတွက် ခက်ခဲလာလိမ့်မည်။
ထိုအချိန်သို့ မရောက်ခင် လုပ်သင့်သည်များ မြန်မြန်လုပ်ပါ။
အရေးကြီးသော အလုပ်များ အရင်လုပ်ပါ။
သင် အောင်မြင်ပါစေ။
သင် အေးချမ်းပါစေ
အောင်သုခ
သင့်ဘ၀နှင့် ငွေကြေး
သင်သည် အချိန်မှန်မှန်သာ ငွေကိုစုဆောင်းသွားပါက ထိုငွေဖြင့် အရင်းအနှီးပြုကာ
တိုးတက်ကြီးပွားသွားနိုင်ပေသည်။ သို့သော် မှန်မှန်သာ သုံးမြဲသုံးနေပါက
သင့်ဘ၀သည့် စိတ်ညစ်စရာများ အမှန် ရောက်ရှိလာပေမည်။
သုံးနေပါက သင်နေပျော်ပြီး
အသုံးမရှိ သင်စိတ်ညစ်မည်
ခက်လှပါလား ငွေဒဂါး
မိသားစုလေးတစ်စု
သင့်မိသားစုလေးတွင် သင့်ဖေဖေနှင့် သင့်မေမေ
သင့်ညီလေး၊ညီမလေးနှင့် အစ်ကို၊အမ
ပျော်စရာလေးဖြစ်ပါသည်။
ညီအစ်ကိုမောင်နှမများအားလုံး၏ စိတ်ထားလေးများ
မပြောင်းခင်အထိ သင်တို့သည် ပျော်ရွှင်စရာကောင်းသော
မိသားစုလေး ဖြစ်နေပေမည်။
အချိန်တန်သောအခါ သင့်တို့၏ စိတ်ထားလေးများ ပြောင်းလဲသွားသော်
မညီမညွတ်ဖြစ်နေချိန်တွင်
သင်တို့၏ ဖေဖေနှင့် သင်တို့၏ မေမေက ယခင်အတိုင်း မပြောင်းလဲပဲ နွေးထွေးစွာ
ရှိနေပေလိမ့်မည်။
လမ်းလျှောက်မယ်ဆိုရင်
သင်သည် လမ်းခရီးတစ်ခုကို သွားမည်ဆိုပါစို့။ ကောင်းသောလမ်းမှ ရွေးသွားလျှင်
ကောင်းသောခရီးကို ရောက်မည်ဖြစ်ပြီး မကောင်းသောလမ်းမှ သွားလျှင် .... သင်သိသည်။
အဆိုပါ စကားစုသည် လွယ်မလိုလိုနှင့် ခက်သည်။ အကြောင်းမှာ သိသော်လည်း
မလုပ်နိုင်သောကြောင့်ဖြစ်သည်။
သို့သော် လမ်းခရီးတစ်ခု ကောင်းမကောင်းကို အဆုံးထိ သင်မမြင်နိုင်သော်လည်း
ရှေ့သို့ကြည့်မည်ဆိုလျှင် ၀ါး ၉ ရိုက်စာလောက်တော့ သင့်မျက်လုံးသည်
မြင်နိုင်ပေလိမ့်မည်။
သေချာသည်မှာ သင့်မျက်လုံး၏ မြင်နိုင်သော အတိုင်းအတာတစ်ခုသို့ ကြည့်ကာ
သင်ကိုယ်တိုင် အကောင်းအဆို ခွဲပြီး လျှောက်လှမ်းနိုင်သည့် အခွင့်အရေး
သင့်တွင်ရှိနေပါသည်။
သင့်ခြေထောက်ဖြင့် သင်လျှောက်နိုင်သည်။
အောင်ဖြိုးရဲ့ သီချင်းများကို အားပေးပါ

http://yamc.info/blogs/nyelinnnyo/wp-content/themes/diary/images/header.jpg
ခုတလော HIP HOP လောကမှာ အောင်မြင်နေတဲ့ အောင်ဖြိုးဆိုတဲ့ လူငယ်ပေါက်စ
အဆိုတော်လေးရဲ့ ရင်တွင်းခံစားချက်များကို မေးမြန်းဖြစ်ခဲ့ပါတယ်။
ညီလေး ဘယ်လိုသီချင်းတွေ ဖန်တီတတ်ပါသလဲ။
ပေါ့ပ်ထက် နည်းနည်းကြမ်းတဲ့ သီချင်းလေးတွေပါ။
ဘယ်လိုအချိန်မျိုးမှာ သီချင်းရေးရတာ အဆင်ပြေဆုံးလဲ ညီလေး။
စိတ်ညစ်နွမ်းနေတဲ့ အချိန်တစ်ခုခုမှာ ပေါက်ကွဲမှုတွေကို သီချင်းတွေနဲ့
လွင့်ထုတ်ရင်း ရေးဖြစ်သွားတာ များပါတယ်။ ခံစားချက်လည်း ပါတယ်လေ။ ကောာင်းပါတယ်။
ညီလေး ဘာတွေ ဆက်လုပ်သွားမလဲ။
HIP HOP လောကကြီးထဲကို ၀င်ရောက်ဖို့ ကြိုးစားနေပါတယ်။
ဘယ်သူ့ကို အကြိုက်ဆံ... more »
ကျွန်တော့်မိန်းမ အေးဇင်မာ
သူမက ကျွန်တော့်ကို ချစ်တယ်
ခင်တယ်
ရိုက်တယ်
ညီမလေးတစ်ယောက်
သူမနာမည်ကတော့ ဆုဆုဖြစ်ပါတယ်။
သူမ မလေးရှားကို ရောက်တုန်း ကွန်ပျူတာ ပညာ သင်ကြားနေပါတယ်။
ကျွန်တော်လိုချင်တဲ့ အချစ်ကတော့ ဖြူစင်တဲ့ အချစ်ပါပဲ။ သူ့မှာ ဟန်ဆောင်မှု မပါဘူးလေ။
http://yamc.info/blogs/nyelinnnyo/wp-content/themes/diary/images/header.jpg
အချစ်ဆိုတာ အဖြူရောင်လေးပါ
မိသားစုကို အရမ်းလွမ်းတယ်ဗျာ
ကျွန်တော် အိမ်က ထွက်လာခဲ့တာ ကြာပြီဗျ။
ခုလေ အဖေ့ကိုလည်းအရမ်းလွမ်းတယ်
အမေနဲ့ ညီလေးကိုလည်း အရမ်းလွမ်းတယ်
ကျွန်တော်တို့အိမ်နားက သူငယ်ချင်းတွေအားလုံးနဲ့
ကျွန်တော်အဘိုးအဘွားတွေကိုကောပေါ့ဗျာ။